တိုင်အပျောက်(အဆောက်အဦးအနံ)ဆိုသည်မှာ သုံးစွဲသူများအတွက် ပုံမှန်ဖွဲ့စည်းပုံအဆောက်အဦးများတွင်  မည်သည့်အတားအစီးများမရှိစေရန် ရှင်းလင်းနေသောဧရိယာဖြစ်အောင် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ 

တိုင်အပျောက်ပြုလုပ်ထားသောကြောင့် အဆောက်အဦး၏ နေရာအထားသို ကျယ်ဝန်းပီး လိုသလို အသုံးပြုနိုင်မည် ဖြစ်ပါသည်။

ထုတ်ကုန် အမြင်ပုံစံများ

  • ကျယ်ဝန်းပြီး လိုသလိုအသုံးပြုနိုင်သော ဧရိယာဖြစ်ခြင်း
  • Pebsteelသည် အကျယ်ဆုံးတိုင်အပျောက် ၁၈၀ မီတာအထိ ပြုလုပ်နိုင်ခြင်း
  • သယ်ယူပို့ဆောင်ရေးနှင့် ပစ္စည်းသိုလှောင်ရေးအဆောက်အဦးများ၊ လေယာဉ်ရုံ၊ ပြဇာတ်ရုံ နှင့်အပန်းဖြေစခန်း တို့အတွက် အကောင်းဆုံးသောရွေးချယ်မှုဖြစ်ခြင်း
  • ကြာရှည်ခံပြီး သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိသော ဖွဲ့စည်းတည်ဆောက်ပုံဖြစ်ခြင်း
banner
features

အဆောက်အဦး၏ဖွဲ့စည်းမှုကိုအထောက်အပံ့ပြုသည့် အစိတ်အပိုင်းများသည် အမိုး၏ဝန်အားဒဏ်ကို ခံနိုင်ရန်အတွက် ပုံမှန်ထက်ပိုမိုကြီးမားနိုင်ပါသည်။ အမိုး၏အလေးချိန်ကြောင့် အလယ်တွင် အိကျခြင်းမဖြစ်စေရန် ဘေးနံရံနှင့် တိုင်များပေါ်သို့ ဝန်အားခွဲဝေမှုကို  ဒိုင်း၊ မြှား၊ တိုင်တို့၏ ချိတ်ဆက်မှုကို ဂရုပြု၍ တပ်ဆင်ရပါမည်။ ဝန်အားပေါ့သော ဆောက်လုပ်ရေးပစ္စည်းများကို ၎င်းတို့၏ခံနိုင်ရည်အားနှင့် ရေရှည်ခံမှုတို့အပေါ်မူတည်၍ အသုံးပြုပါသည်။

ထုထည်ကြီးမားသောကုန်ပစ္စည်းများ သိုလှောင်ရာတွင် ခန်းဖွင့်အကျယ်ရရှိမှုသည် အလွန်အရေးပါလှပါသည်။ 

လုံလောက်သော နေရာမရရှိသည့်အခါ ပစ္စည်းသယ်ယာဉ် နှင့် ကုန်သယ်ယာဉ်များ၏ လုပ်ငန်းဆောင်တာများအတွက် အခက်တွေ့စေပါသည်။ ခန်းဖွင့်အကျယ်မလုံလောက်ခဲ့လျှင်  ကွန်တိန်နာကြီးများနှင့် ကုန်သေတ္တာများ စီထပ်ရာတွင်လည်း ခက်ခဲစေပါသည်။

features
features

ခန်းဖွင့်အကျယ်လိုအပ်သော အဆောက်အဦးအများစုမှာ

စက်ရုံအလုပ်ရုံကြီးများ၊  ပစ္စည်းသိုလှောင်ရေးသောဂို‌‌‌ဒေါင်များ

ပြဇာတ်ရုံများ

လေယာဉ်ရုံများ

အပန်းဖြေအဆောက်အဦးများ

ဆက်သွယ်ရန် ပိတ်သိမ်းရန်

ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန်

logo-switcher

ပြည်တွင်း websites

ဗီယက်နမ်

ကမ္ဘောဒီးယား

အင်ဒိုနီးရှား

ဖီလစ်ပင်း

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website
logo

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website