ဆင့်ပွားခေါင်မိုး အဆောက်အဦးတွင် ခေါင်လိုင်း၂ခု (သို့) ၂ခုထက်ပိုမိုပါဝင်ပြီး ဘေးနံရံ တစ်ဖက်ရှိတိုင်များရှိ အဆောက်အဦး (၂) ခုလုံး၏ဘုံတိုင်များဖြစ်သည်။

ထုတ်ကုန် အမြင်ပုံစံများ

  • အလွန်ကြီးမားသော အဆောက်အဦးများတွင် ခေါင်းအုပ်လိုင်း၏အမြင့်ကိုလျှော့ချရန်အတွက် အကောင်းဆုံးရွေးချယ်မှု
  • အဆောက်အဦး၏အကျယ်တွင် စပ်ကြောင်းမရှိခြင်း
  • နံရံတစ်ဖက်၏ဘုံသုံးခေါင်လိုင်းများတွင် အကောင်းဆုံးသောကုန်ပစွည်းကိုအသုံးပြုမှု
banner
features

ဆင့်ပွားခေါင်မိုးအဆောက်အဦးကို အသုံးပြုမည်ဆိုပါက အောက်ပါအချက်များကို သေချာစဉ်စားရပါမည်:
•  ခေါင်မိုးကြားနေရာချိုင့်ဝှမ်းကို မကြာခဏထိန်းသိမ်းဖို့လိုအပ်ပြီး ဖုန်နှင့်သဲ၊သစ်ရွက် စသည့်တို့စုပုံခြင်းမှရှောင်းရှာရန်အတွက်ဖြစ်သည်။
•   ဆင့်ပွားခေါင်မိုး၏ကြားရေတစ်လျှောက်ကို သန့်ရှင်း‌ရေးလုပ်ရာတွင် လမ်းကြောင်းဝင်ရောက်ရန် အမိုးစွန်းရေတံလျှောက်ထက် လုပ်ဆောင်ရန် ပိုခက်ခဲပါသည်။ အမိုးပေါ်တွင်ပြုပြင်ထိန်းသိမ်းရေးကြောင့် အမိုးပြားယိုယွင်းပျက်စီးခြင်း (သို့) ပျက်စီးနိုင်ပါသည်

•    မိုးရွာနှုန်းများသောအခါတွင် ခေါင်မိုးကြားနေရာ၌ မိုးရေစီးဆင်းမှုအတွက် အန္တရာယ်ရှိနိုင်ပါသည် (အထူးသဖြင့်အဆောက်အဦးတွင် ရေတံလျှောက်သန့်ရှင်းမှုပုံမှန်မပြုလုပ်သည့်အခါ)

•    အလျားရှည်သော ဆင့်ပွားခေါင်မိုးအဆောက်အဦးများတွင် အမိုးပေါ်မှကျဆင်းလာမည့်ရေကို  ရေတံလျှောက်အောက်ကပ်လျက်တွင် အတွအလျားလိုက်ရေဆင်းပိုက်ထား၍သော်လည်းကောင်း၊ အဆောက်အဦး၏အလျားအတိုင်း ကွန်ကရစ် ရေမြောင်းလုပ်၍သော်လည်းကောင်း  ပြင်ပသို့စွန့်ပစ်နိုင်ပါသည်။ ထိုသို့သောစနစ်သည် စားရိတ်ပိုမိုကုန်ကျနိုင်ပြီး အကယ်၍ရေဆင်းပိုက်များပိတ်နေခဲ့လျှင် အဆောက်အဦးအတွင်း ရေလျှံကျနိုင်သည့်အန္တရာယ်လည်း ရှိနိုင်ပါသည်။
•    ဆင့်ပွားခေါင်မိုး အဆောက်အဦးများ၏ အတွင်းထောက်တိုင်များကြားတွင်ထည့်မည့် ထောင့်ဖြတ်ဆိုင်းကြိုးနေရာများကို ကြိုတင်နေရာချထားရန် လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းဆိုင်းကြိုးများသည် အဆောက်အဦးအတွင်းဖြတ်သန်းသွားလာမှုကို အနှောက်အယှက်ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။

features
features

သို့သော်လည်း မျက်နှာစာကျယ်သောအဆောက်အဦးများအတွက်မူ ဆင့်ပွားခေါင်မိုးအဆောက်အဦးများသည် အခြားသောအဆောက်အဦးဖွဲ့စည်းပုံများနှင့် နှိုင်းယှဉ်လျှင် ခေါင်အမြင့်ကို သိသိသာသာလျှော့ချပေးနိုင်သောကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် ကုန်ကျစားရိတ်ကို သက်သာစေပါသည်။

 

ဆင့်ပွားခေါင်မိုးအဆောက်အဦးများအတွင်းပိုင်းဖွဲ့စည်းပုံသည် တိုင်အပျောက်ဖြစ်နိုင်သကဲ့သို့ အလည်တိုင်လည်း ပါနိုင်ပါသည်။

ဆက်သွယ်ရန် ပိတ်သိမ်းရန်

ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန်

logo-switcher

ပြည်တွင်း websites

ဗီယက်နမ်

ကမ္ဘောဒီးယား

အင်ဒိုနီးရှား

ဖီလစ်ပင်း

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website
logo

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website