ကျွန်ုပ်တို့၏စကား၊ ကျွန်ုပ်တို့၏ကတိ

စီမံကိန်းတစ်ခု စတင်သည့်အချိန်မှစ၍ လူကြီးမင်းနှင့် ကျွန်ုပ်တို့ကြားမှ ဆက်နွယ်မှုသည် အစဉ်တည်မြဲနေမည် ဖြစ်ပါသည်။

အဆောက်အဦး ဆောက်လုပ်ပြီးစီးပြီးနောက် ကန့်သတ်မထားသောပြုပြင်ထိန်းသိမ်းမှုနှင့် ဝယ်ယူသူဝန်ဆောင်မှုများကို ကျွန်တော်တို့မှ ကူညီမှုပေးနေမည်ဖြစ်ပါသည်။

ကျွန်တော်တို့သည် လုပ်ငန်းနယ်ပယ်အသီးသီးရှိ လုပ်ငန်းမတည်သူများမှ စတင်ကာ ကန်ထရိုက်တာများ၊ တိုက်ရိုက်ရင်းနှီးမြှုပ်နှံသူများအထိ ဝန်ဆောင်မှုပေးနေပါသည်။

ကျွန်တော်တို့သည် လူကြီးမင်းတို့၏ လျှပ်တပြက်အမြင်တွင်ပင် စွဲငြိစေနိုင်သည့်အဆောက်အဦးများကို တည်ဆောက်ရန် ကိုယ်ပိုင်ဘက်စုံသုံး စက်မှုလုပ်ငန်းသုံးအဆင့် အရည်အသွေးရှိ ထုတ်ကုန်များကို အသုံးပြုလျက်ရှိပါသည်။

reason-image

ဗိသုကာပညာနှင့် လိုက်လျောညီထွေဖြစ်မှု

သုခုမလက်ရာကို ပိုမိုအားဖြည့်ပေးနိုင်ရန် ဘောင်အကွပ်သွပ်အမျိုးမျိုး၊ ရေတံလျှောက်များ နှင့် မျက်နှာစာအလှအမိုးစွန်းများ၏ ဆက်စပ်ပစ္စည်းများကို စိတ်ကြိုက်ဖန်တီးနိုင်ပါသည်။ ထို့အပြင် ကျွန်တော်တို့၏သတ်မှတ် အရောင်များအပြင် အခြားရွေးချယ်စရာ အများအပြားလည်း ရှိပါသည်။ အုတ်လုပ်ငန်း သို့မဟုတ် မှန်လုပ်ငန်း စသည်တို့နှင့် စတီးလ်လုပ်ငန်း ပေါင်းစပ်ရာတွင် ကျယ်ပြန့်သော ဗိသုကာဒီဇိုင်းရပ်ဝန်းကို ထောက်ပံ့ပေးနိုင်ပါသည်။

reason-image

ဘက်စုံသုံးနိုင်သော လုပ်ဆောင်ချက်များ

အကြိုအင်ဂျင်နီယာ အဆောက်အဦးများသည် တစ်လုံးတည်းနှင့် ဘက်စုံသုံးဖြစ်နိုင်သည်ဟု မဆိုလိုပါ။ အဆောက်အဦး၏တည်ဆောက်ဖွဲ့စည်းပုံသည် ၎င်း၏အမြင့်ဆုံး လိုအပ်ချက်များနှင့်အညီ ဖန်တီးနိုင်ပါသည်။ Pebsteelသည် အဆောက်အဦးအနံ(အလယ်တိုင်အပျောက်) အကွာအဝေးကို ၁၈၀မီတာ အထိ အလယ်တိုင်မလိုအပ်ပဲ ဒီဇိုင်းပြုလုပ်နိုင်ပြီး အလျားခန်းဖွဲ့တိုင်နှစ်ခုကြား အကွာအဝေးကို ၁၅မီတာ အထိ ကျယ်ဝန်းစွာ ကိုင်တွယ် တည်ဆောက်နိုင်ပါသည်။

reason-image

ပတ်ဝန်းကျင်အနေအထားနှင့်သဟဇာတဖြစ်မှု

ကျွန်တော်တို့၏ အသိအမှတ်ပြုထားပြီး ထုတ်ကုန်များ၊ ဆောက်လုပ်ရေးနည်းနာများသည် LEED® မှ ညွှန်းဆိုထားသော ရေရှည်တည်တံ့ရေးစံချိန်စံညွှန်းများနှင့် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ကိုက်ညီလျက်ရှိပါသည်။ ဝယ်ယူသူလူကြီးမင်းများ၏ အဆောက်အဦးအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ရေရှည်တည်တံ့ရေးအတွက် ကိုယ်ပိုင်အသိအမှတ်ပြုလက်မှတ်များရရှိရေးတွင်လည်း ကျွန်တော်တို့မှ တစ်တပ်တစ်အား ပါဝင်ကူညီပေးပါသည်။

ကျွန်တော်တို့၏ ရေရှည်ဖြေရှင်းနည်းများကို ပိုမိုလေ့လာရန်

မြန်ဆန်ထိရောက်သော လုပ်ငန်းစဉ်များ

လူကြီးမင်း၏ ကနဉီးစိတ်ကူးစတင်သည်မှစ၍ Pebsteel သည် ဒီဇိုင်း၊ ထုတ်လုပ်ရေး၊ တည်ဆောက်ရေး၊ ကုန်ကျစားရိတ် နှင့် လုပ်ငန်းအစီအစဉ်များကိုပါ တစ်ပေါင်းတစ်စည်းတည်း မြန်မြန်ဆန်ဆန် တင်ပြပေးသွားပါမည်။

ပိုမိုသိရှိရန်
dark-slide-image

၁- စိတ်ကူးထားသော ဒီဇိုင်း

ကနဦးပိုင်း ညှိနှိုင်းတိုင်ပင်မှုများကို လိုက်နာပြီး လုပ်ငန်းစတင်တော့မည့် အချိန်ဖြစ်ပါသည်။ အကျိုးရှိသော နည်းလမ်းများကို ရှေ့ဆက်နိုင်ရန် ကျွန်တော်တို့သည် လူကြီးမင်းနှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

dark-slide-image

၂- အဆိုပြု ဆွဲသားသောပုံများ

ဒီဇိုင်းရေးဆွဲသောအဆင့်တွင် ကျွန်တော်တို့သည် ဗိသုကာပညာဒီဇိုင်းများနှင့်တွဲဖက်လုပ်ဆောင်ပေးပြီး တစ်ချိန်တည်းတွင် ကုန်ကျစရိတ်နှင့်စီမံကိန်းကြာချိန်အဆင့်ဆင့်များကိုပါ ရေးဆွဲပေးပါသည်။

dark-slide-image

၃- စာချုပ်ချုပ်ဆိုခြင်း

နှစ်ဦးနှစ်ဖက် သဘောတူညီချက်များ ညှိနှိုင်းအောင်မြင်ပြီးနောက် စာချုပ်ချုပ်ဆိုကာ ရှေ့ဆက်လုပ်ငန်းစဉ်များ စတင်ကြမည် ဖြစ်ပါသည်။

dark-slide-image

၄- အသေးစိတ် ပုံစံများ

ကျွန်တော်တို့၏ ကျွမ်းကျင်အင်ဂျင်နီယာများသည် နိုင်ငံတကာစံချိန်စံညွှန်းသတ်မှတ်ချက်များကို လိုက်နာထားသော နည်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပုံစံများကို ဖန်တီးရေးဆွဲပေးပါသည်။

dark-slide-image

၅- ထုတ်လုပ်ခြင်း

ဆောက်လုပ်ရေးပစ္စည်းများ မတင်ပို့မီ ပစ္စည်းထုတ်လုပ်ခြင်းနှင့် အရည်အသွေး စစ်ဆေးခြင်းကို ဗီယက်နမ်နှင့် မြန်မာနိုင်ငံရှိစက်ရုံများတွင် အကြိမ်ကြိမ်အပြန်အလှန်စစ်ဆေးပါသည်။

dark-slide-image

၆- တပ်ဆင်ရေး

ကုန်ပစ္စည်းများကို ဆောက်လုပ်မည့် လုပ်ငန်းခွင်အရောက် ပို့ဆောင်ပေးပါသည်။ လုပ်ငန်းခွင်အတွင်း အရည်အသွေးစံနှုန်းကို ထိန်းသိမ်းပေးမည့် ကြီးကြပ်မှုအောက်တွင် လူကြီးမင်းတို့၏ စီမံကိန်းကို တည်ဆောက်တပ်ဆင်ပေးပါမည်။

 

dark-slide-image

၇- အာမခံ

ကိုယ်တိုင်စတင်တည်ဆောက်ပြီး ကိုယ်တိုင်ထိန်းသိမ်းမှုပြုသည့် ကျွန်တော်တို့ Pebsteel သည် ဝယ်ယူသူ လူကြီးမင်းများအားလုံးကို မိသားစုသဖွယ်မှတ်ယူ၍ ကုန်ပစ္စည်းနှင့်ပတ်သက်ပြီး အပြည့်အဝလုံခြုံစိတ်ချစေရပါမည်။

 

ထိခိုက်မှုလုံးဝကင်းရှင်းရေး Safety စနစ်

Pebsteel သည် လုပ်ငန်းစဉ် အဆင့်တိုင်းတွင် ISO စနစ်ကို လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းတွင် အမှားအယွင်းများ မရှိစေရန်နှင့် တည်ဆောက်ရေးတွင် မတော်တဆမှုများ လုံးဝမဖြစ်ပေါ်စေရန် ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းနှင့် ကြီးကြပ်မှုများကို လုပ်ဆောင်ပေးပါသည်။

pebsteel-safety-certificate-image

ISO 45001

လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးကင်းရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်

pebsteel-safety-certificate-image

ISO 9001

အရည်အသွေးစီမံခန့်ခွဲမှုစနစ်အတွက် အသိအမှတ်ပြုလက်မှတ်

ဝယ်ယူသူများထံမှ Safety စနစ်ဆိုင်ရာ မှတ်တမ်းများ

pebsteel-safety-customer-image

Unilever

200,000 man-hours without Lost Time Incident

pebsteel-safety-customer-image

ABInBev Vietnam

1 Million man-hours without Lost Time Injury

pebsteel-safety-customer-image

Doosan Heavy Industries

10 Million man-hours without Lost Time Injury

ကုန်ကျစားရိတ်၏ မျှတသောတန်ဖိုး

01

အရည်အသွေးမြင့် ကုန်ပစ္စည်းများ

ကျွန်တော်တို့ ၏ များပြားကျယ်ပြန့်သောကုန်ပစ္စည်းအမျိုးမျိုးသည် အရည်အသွေးကောင်းမွန်သော ASTM အဆင့်မီ ကုန်ပစ္စည်းများကို ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းကုန်သည်ကြီးများထံမှ ဝယ်ယူတင်သွင်းပါသည်။ ကုန်ထုတ်လုပ်ရေးနှင့် တပ်ဆင်ရေးလုပ်ငန်းများကိုလည်း ခေတ်နှင့်အညီ နိုင်ငံတကာစံနှုန်းများကို တင်းကြပ်စွာလိုက်နာပါသည်။

02

သင့်တင့်သော ဒီဇိုင်း

ကျွန်တော်တို့ထံမှ အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး အင်ဂျင်နီယာအဖွဲ့များသည် ဒီဇိုင်းဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းသတ်မှတ်ချက်များကို လိုက်နာပြီး ခေတ်မီနည်းပညာမြင့် ဒီဇိုင်းဆော့ဖ်ဝဲလ်များကို အသုံးပြုထား၍ သင့်တင့်သော အဆောက်အဦးများကို ဒီဇိုင်းရေးဆွဲလျက်ရှိပါသည်။
လူကြီးမင်းတို့၏ မျှော်လင့်ချက်အတိုင်းအတာကို သာလွန်အောင် ဝန်ဆောင်မှုပေးရန် ရည်ရွည်ပီး ထုတ်လုပ်ရေးတွင် လေလွင့်ဆုံးရှုံးမှုအနည်းဆုံး နည်းပညာကို လုပ်ဆောင်ပေးနိုင်ခြင်းသည် Pebsteel အင်ဂျင်နီယာများ၏ အဓိကအားသာချက်ဖြစ်ပါသည်။

03

အသင့်အတင့်ရှိသော ကနဦးအဆိုစျေးနှုန်း

အဆောက်အဦး၏ အဓိကအစိတ်အပိုင်းများကို အဖျားသွယ်သော ဒီဇိုင်းဖြင့်အသုံးပြုထားပြီး မျှားတန်းနှင့်ကြွက်လျှောက်တန်းများကိုလည်း အလွယ်တကူထပ်နိုင်သည့်ပုံစံဖြစ်အောင် ရေးဆွဲကာ ကုန်ပစ္စည်းအသုံးပြုမှုကို သင့်တင့်အောင် ဆောင်ရွက်ထားပါသည်။ အဆောက်အဦးများမှ ပစ္စည်းအစိတ်အပိုင်းတိုင်း၏ စွမ်းရည်သည် အမြင့်ဆုံးနှင့်ရေရှည်အသုံးခံနိုင်သည့် နောက်ဆုံးရလဒ်ကိုရရန် ရည်ရွယ်ပါသည်။

04

ထိန်းသိမ်းရသည့်အကြိမ်ရေနည်းခြင်းနှင့် လုပ်ငန်းလည်ပတ်စရိတ်

တင်းကြပ်သည့် အရည်အသွေးထိန်းချုပ်မှုများနှင့် ကျွန်တော်တို့၏ ကုန်ပစ္စည်းများသည် စွမ်းရည်ပြည့်ဖြင့် ကြာရှည်အသုံးချနိုင်ရန် အခါအားလျော်စွာ သန့်ရှင်းရေးလုပ်ပေးခြင်းကိုသာ လိုအပ်ပါသည်။ ယခုလက်ရှိ ကျွန်တော်တို့၏ ထိန်းသိမ်းမှုနှင့် ယုံကြည်စိတ်ချရသော အာမခံများသည် လူကြီးမင်းများကို စိတ်ချမ်းသာကျေနပ်စေရပါမည်။

Structural Warranty

10

years

Material Warranty

2

years

No Leak Warranty

3

years

ကျွန်တော်တို့၏ သန္နိဌာန်

ကျွန်တော်တို့၏ ကတိစကား

လူကြီးမင်းတို့၏ အောင်မြင်မှုထံ ရှေ့ရှုခြင်း

ကျွန်တော်တို့ ဘာကိုဆန့်ကျင်တာလဲ။

ဝယ်ယူသူများ၏စိတ်ဆန္ဒကိုပဲ ဦးစားမပေးသောအလေ့အကျင့်

အနာဂတ်အတွက် ရှေရှည်စိတ်ချလုံခြုံမှု

သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်မှုကို တိတိကျကျလေ့လာဆန်းစစ်ထားသော ကုန်ပစ္စည်းများကို အသုံးပြုထားခြင်း၊ ခေတ်နှင့်အညီ ဒီဇိုင်းသတ်မှတ်ချက်များကိုသုံးစွဲခြင်း စသည်တို့ကြောင့် Pebsteel သည် (၂၁)ရာစုမှ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ်တွင် အသိအမှတ်ပြုလက်မှတ်ရ ကုမ္ပဏီဖြစ်ပါသည်။

အသိအမှတ်ပြုထားပြီး ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးနည်းလမ်းများနှင့်တကွ LEED, LOTUS, GMP, FM Approved အစရှိသည့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရေရှည်ခိုင်ခံ့မှု ကိုယ်ပိုင်အသိအမှတ်ပြုလက်မှတ်များကို လူကြီးမင်းတို့ရရှိရန်လိုအပ်ခဲ့လျှင်လည်း ကျွန်တော်တို့မှ ကူညီဆောင်ရွက်ပေးပါသည်။

pebsteel-safety-certificate-image

ISO 14001

Certification for Environmental Management System

pebsteel-safety-certificate-image

FM Approved

Certificate of Compliance for LokSeam® panel by Pebsteel

pebsteel-safety-certificate-image

LEED Silver by U.S. Green Building Council

Certification for Green Building

pebsteel-safety-certificate-image

LOTUS by Vietnam Green Building Council

Certification for Green Building

pebsteel-safety-certificate-image

Appreciation Plaque

for Taekwang Moc Bai project constructed by Pebsteel

ကျွန်တော်တို့သည် နောက်ဆုံးထုတ် ခေတ်မှီဒီဇိုင်းနှင့်အဆောက်အဦးဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာ၍ အဆောက်အဦး၏လုပ်ဆောင်ချက်နှင့် အလေးချိန်ကို သင့်တင့်အောင်စီမံဆောင်ရွက်နိုင်ပါသည်။

pebsteel-safety-certificate-image

Welding Code

pebsteel-safety-certificate-image

International Building Code

pebsteel-safety-certificate-image

Design Code

pebsteel-safety-certificate-image

Building Code

pebsteel-safety-certificate-image

Fabrication & Erection Tolerances

pebsteel-safety-certificate-image

Cold-Formed Design Code

ကျွန်တော်တို့သည် ဤနယ်ပယ်တွင် ဂုဏ်သတင်းကြီးမားသော အဖွဲ့အစည်းကြီးများထဲမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။

international-member

USGBC

U.S. Green Building Council

international-member

AISC

American Institute of Steel Construction

pebsteel-member-image

USGBC

U.S. Green Building Council

pebsteel-member-image

AISC

American Institute of Steel Construction

ရရှိထားသော ဆုတံဆိပ်များ

international-award-image

DOOSAN
Plaque of thanks

international-award-image

Green National
Environment 2013 Award

international-award-image

Golden Dragon Awards

international-award-image

DOOSAN
Plaque of thanks

international-award-image

Green National
Environment 2013 Award

international-award-image

Golden Dragon Awards

တိုင်ပင်ဆွေးနွေးအကြံဉာဏ်ရယူရန်

ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် သတင်းအချက်အလက်များရယူရန်

ဆက်သွယ်ရန် ပိတ်သိမ်းရန်

ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန်

logo-switcher

ပြည်တွင်း websites

ဗီယက်နမ်

ကမ္ဘောဒီးယား

အင်ဒိုနီးရှား

ဖီလစ်ပင်း

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website
logo

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website