PEBSTEEL BUILDINGS CO., LTD (“Pebsteel”) သည် သင်၏ ကိုယ်ရေးအချက်အလက်များအား မပေါက်ကြားစေရန် ကတိပြုပါသည်။

ဤ website တွင် Pebsteel သည် သင်၏ ကိုယ်ရေးအချက်အလက်များကို သင်စုံစမ်းမေးမြန်းထားသော ကျွန်ုပ်တို့၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် သတင်းစာလွှာများမှ တစ်ဆင့်ရရှိနိုင်မည်ဖြစ်ပါသည်။

သင့်ကိုယ်ရေးအချက်အလက်များ၏ လုံခြုံရေးကို ပိုမိုကာကွယ်နိုင်ရန်အတွက် Pebsteel သည် အောက်ပါမူဝါဒများကို ချမှတ်ပေးထားပါသည်။ သင်၏ ကိုယ်ရေးအချက်အလက်များ မပေါက်ကြားစေရေး၊ အလွှဲသုံးစားပြုမှုမရှိစေရေး (သို့) ပြောင်းလဲခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် Pebsteelသည် အတတ်နိုင်ဆုံးကာကွယ်ပေးထားမည် ဖြစ်ပါသည်။

ကိုယ်ရေးအချက်အလက်ဆိုသည်မှာ ?

အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်, e-mail လိပ်စာ နှင့် သင်၏သက်ဆိုင်ရာအချက်အလက်များပါဝင်သည့် ကိုယ်ရေးအချက်အလက်များဖြစ်ပါသည်

သင့်ကိုယ်ရေးအချက်အလက်များကို ဘယ်လိုစုဆောင်းသလဲ?

Websiteတွင် သင်အတည်ပြုလိုက်သော သတင်းအချက်အလက်များကို စုဆောင်းရာတွင် Pebsteel သည် မည်သည့်နေရာတွင်အသုံးပြုမည်ဖြစ်ကြောင်း နှင့် ကျွန်ုပ်တို့ကန့်သတ်ထားသောနေရာတွင်သာ အသုံးပြုမည်ဖြစ်ကြောင်း သေချာရှင်းလင်းစွာ ဖော်ပြထားပါသည်။

သင်၏အချက်အလက်များအား Pebsteel သို့ မပေးလိုပါကလည်း အဆိုပြုလွှာတင်သွင်းခြင်းကို ငြင်းပယ်နိုင်ပါသည်။ သို့သော်လည်း သင်သည် အဆိုပြုလွှာတင်သွင်းခြင်းမှတစ်ဆင့် ရရှိမည့်ဝန်ဆောင်မှုများကို အသုံပြုခွင့်ရရှိတော့မည် မဟုတ်ကြောင်း သတိပြုစေချင်ပါသည်။

သင်အသုံးပြုနေသော IP address နှင့် Cookies information မှတဆင့် အချက်အလက်များကို အလိုအလျောက်ရရှိနေပြီး ထိုသည်များကိုလည်း ကျွန်ုပ်တို့ Server တွင်သိမ်းဆည်းထားပါသည်။ ယခုလိုစုစည်းထားသော အချက်အလက်များမှတဆင့် ပိုမိုကောင်းမွန်သော contents များကို ဖန်တီးပြီး သင်တို့အား တင်ပြပေးမည်ဖြစ်ပါသည်။

သင်တို့၏ ကိုယ်ရေးအချက်အလက်များကို ဘယ်လိုအသုံးပြုမလဲ?

Pebsteel ၏ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် သင်စုံစမ်း မေးမြန်းလိုသော အကြောင်းအရာများတွင် ပိုမိုကောင်းမွန်ပြီး ထိရောက်သောသတင်းအချက်အလက်များကို ပေးဆောင်မည့်အတွက်သာ သင်၏ကိုယ်ရေးအချက်အလက်များကို အသုံးပြုခြင်းဖြစ်ပါသည်။ သင်နှင့်ဆက်သွယ်ရန်အတွက်သာ အသုံးပြုခြင်းဖြစ်ပြီး ကျွန်ုပ်တို့အသုံးပြုရန်ရည်ရွယ်ထားသည့် နေရာများထက် ကျော်လွန်သွားမည့်အခါတွင် သင့်ထံသို့ချက်ချင်း ကြိုတင်အကြောင်းကြားမည် ဖြစ်ပါသည်။ ဤသို့အသုံးပြုခြင်းများကို ကြိုက်နှစ်သက်ခြင်းမရှိပါက ငြင်းပယ်နိုင်ပါသည်။

သင်၏ကိုယ်ရေးအချက်အလက်များအား တခြား third parties အဖွဲ့အစည်းများသို့ ထုတ်ဖော်ခြင်းပြုမည် မဟုတ်ပါ။

ကျွန်ုပ်တို့ website သို့ ပေးအပ်ထားသော ကိုယ်ရေးအချက်အလက်များကို third parties အဖွဲ့အစည်းများသို့ ဖြန့်ဝေခြင်း၊ ငှားရမ်းခြင်း နှင့် ဖြန့်ဖြူးခြင်းတို့ ပြုလုပ်မည်မဟုတ်ပါ။ သို့သော် အောက်ပါအကြောင်းအရာများတွင်တော့ အကျုံးဝင်မည်မဟုတ်ပါ။

  1. သင်၏ခွင့်ပြုချက်ရရှိသောအခါ
  2. သင်၏မေးခွန်းများကို ပြန်လည်ဖြေကြားရန်အတွက် Pebsteel နှင့်ဆက်စပ်နေသော ပါတနာများ၊ ရုံးခွဲများနှင့် စသောနေရာမျာတွင်သာ အသုံးပြုသွားမည်ဖြစ်ပါသည်။
  3. သင့်ကိုရည်ညွှန်းသောအကြောင်းအရာများကို အကောင်အထည်ဖော်ပေးရာတွင် လိုအပ်မှသာ ကျွန်ုပ်တို့နှင့်သဘောတူညီမှုရရှိထားသော အဖွဲ့အစည်းများသို့ ညွှန်ပေးမည်ဖြစ်ပါသည်။
  4. ထိုသို့လုပ်ဆောင်ရာတွင်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာတစ်ဦးချင်းအနေဖြင့် ဖော်ပြမည်မဟုတ်ဘဲ သတင်းအချက်အလက်များကို စားရင်းအင်းအနေဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
  5. လူတစ်ဦးချင်း၏ အသက် ခန္ဓာ အိုးအိမ်နှင့် ဆိုင်သောအရေးပေါ်ကိစ္စရပ်များတွင်သာ
  6. ဥပဒေနှင့်သက်ဆိုင်သောအခြေအနေကိစ္စရပ်များတွင်သာ

မူဝါဒများကို ပြန်လည်ပြင်ဆင်ခြင်း

Pebsteel သည် မူဝါဒများပြန်လည်ပြင်ဆင်ရာတွင် အဓိကကျသောမူဝါဒများတွင် အချိန်သက်သာပြီး ရှာဖွေရလွယ်ကူစေရန် Website တွင် တင်ထားပါမည်။

တာဝန်ယူခြင်းကိစ္စရပ်များနှင့်စုံစမ်းမေးမြန်လိုပါက ဆက်သွယ်ရန်

Pebsteel သည် သင်၏စုံစမ်းမေးမြန်းမှုများကို ဖြေကြားရန်အတ္ပက် သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးအား တာဝန်ယူရန် ထားရှိပေးပါသည်။ သင်၏ထင်မြင်ယူဆချက်များနှင့် သိရှိလိုသည်များကို အောက်ပါလိပ်စာတွင် မေးမြန်းနိုင်ပါသည် : https://pebsteel.com/en/contact-us/