Pebsteel သည် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး Pre-engineered Buildings နှင့် Steel Structures အဆောက်အဦးများအတွက် အကောင်းဆုံးဖြေရှင်းခြင်းများကို အဓိကထားလုပ်ဆောင်ပေးနေသည့် နိုင်ငံတကာလုပ်ငန်းစုတစ်ခုဖြစ်ပါသည်။

1994

စတင်တည်ထောင်သည်

50+

ဝန်ဆောင်မှုပေးနေသော နိုင်ငံများ

12

ဒေသဆိုင်ရာအရောင်းရုံးများ

100+

ကိုယ်ပိုင်ရုံးတွင်းအင်ဂျင်နီယာများ

ဂျပန်ရှယ်ယာရှင်များ

OKAYA & CO., LTD.

NIPPON STEEL

Pebsteel သည် ဥရောပတွင် ဂျပန်ရှယ်ယာရှင်များနှင့်အတူတည်ထောင်ခဲ့ပြီး, ဒေသဆိုင်ရာအရောင်းရုံး(၁၀) ရုံး နှင့် ဗီယက်နမ်နိုင်ငံတွင်ရုံးချုပ်အနေဖြင့်ဖွင့်လှစ်ထားပါသည်။ အသိအမှတ်ပြုအင်ဂျင်နီယာများ နှင့် ဝယ်ယူသူများ၏

လိုအပ်ချက်များကိုကောင်းစွာနားလည်သည့်စီးပွားရေးဆိုင်ရာ ဝန်ထမ်းများဖြင့် ကျွန်ုပ်တို့ရဲ့ ခိုင်မာတဲ့အသင်းအဖွဲ့ ၁၄၀၀ ကျော်ကို ဖွဲ့စည်းထားပါသည်။

ကျွန်ပ်တို့၏လုပ်ဆောင်ချက်များ

ကျွန်ုပ်တို့ Pebsteel သည် customers များအား ကမ္ဘာ့အဆင့်မှီဝန်ဆောင်မှုများကို လုပ်ငန်းစဉ်အဆင့်ဆင့်တိုင်းတွင်ပေးအပ်ရန် ကတိပြုပါသည်။ ဒီဇိုင်းရေးဆွဲခြင်း၊ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်း နှင့် ဝယ်ယူပြီးနောက်ပိုင်း တွင်လည်း ဝန်ဆောင်မှုပေးခြင်းများဖြင့် အဆင့်တိုင်းအတွက်အမြဲရှိနေပါတယ်

စနစ်

ကျွန်ုပ်တို့သည် Pre-engineered Buildings and Steel Structures တည်ဆောက်ပုံများအတွက် အဆောက်အဦးဆိုင်ရာဖြေရှင်းခြင်းများကို ပံ့ပိုးပေးပါသည်

စီမံကိန်းများ

ကျွန်ုပ်တို့သည် လုပ်ငန်းနယ်ပယ်အားလုံးရှိ ဝယ်ယူသူများ၏စီမံကိန်းများအတွက် ဂုဏ်ယူစွာဖြင့်ဝန်ဆောင်မှုပေးပါသည်

သမိုင်းဖန်တီးမှု

dark-slide-image

1994

PEB Steel Buildings Co., Ltd.ကို ၁၉၉၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ စတင်တည်ထောင်ခဲ့ပါသည်

dark-slide-image

1999

၁၉၉၉ ခုနှစ်တွင် ပထမဆုံးဖွင့်လှစ်ခဲ့သည့် ထိုင်းနိုင်ငံရုံးခန်းသည် Indochina ‌‌ဈေးကွက်အတွက် ပထမဆုံးချဲ့ထွင်မှုဖြစ်ခဲ့ပါသည်

dark-slide-image

2004

၂၀၀၄ ခုနှစ်တွင် ပထမဆုံးခေတ်မှီစက်ရုံကို ဗီယက်နမ်နိုင်ငံ၌ automatic welding lines (၂)ခုဖြင့် တည်ဆောက်ခဲ့ပါသည်

dark-slide-image

2006

၂၀၀၆ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ဒုတိယစက်ရုံကိုဖွင့်လှစ်ခဲ့ပြီး၊ ဖက်စပ်ရင်းနှီးမြှပ်နှံမှုအနေဖြင့် ဘင်္ဂလားဒေ့ရှ်တွင်လည်း စက်ရုံတည်ဆောက်ခဲ့ပါသည်

dark-slide-image

2007

၂၀၀၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ပထမဆုံးရေရှည်ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဖက်စပ်ရင်းနှီးမြှပ်နှံမှုကိုလည်း ဆောင်ရွက်ခဲ့ပါသည်

dark-slide-image

2008

၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံးအနေဖြင့် တည်ထောင်ခဲ့ပါသည်

dark-slide-image

2009

၂၀၀၉ ခုနှစ်တွင် Nippon Steel နှင့် Okaya & Co., Ltd. တို့သည် Pebsteel ၏ရှယ်ယာရှင်များဖြစ်လာခဲ့ပြီး တတိယစက်ရုံကိုတည်ဆောက်ခဲ့ပါသည်

dark-slide-image

2010

၂၀၁၀ ခုနှစ်တွင် ကမ္ဘောဒီးယား၌ ကိုယ်စားလှယ်ရုံးအနေဖြင့် တည်ထောင်ခဲ့ပါသည်

dark-slide-image

2011

၂၀၁၁ ခုနှစ်တွင် ဖီလစ်ပိုင်၌ ကိုယ်စားလှယ်ရုံးအနေဖြင့် တည်ထောင်ခဲ့ပါသည်

dark-slide-image

2011

၂၀၁၁ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ (၄)ရုံမြောက်စက်ရုံ တည်ဆောက်ပြီးစီးခဲ့ပါသည်

dark-slide-image

2012

၂၀၁၂ ခုနှစ်တွင် အင်ဒိုနီးရှား၌ ကိုယ်စားလှယ်ရုံးအနေဖြင့် တည်ထောင်ခဲ့ပါသည်

dark-slide-image

2014

၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ (၅)ရုံမြောက်စက်ရုံ တည်ဆောက်ပြီးစီးခဲ့သည်

dark-slide-image

2016

၂၀၁၆ ခုနှစ်တွင် (၆)ရုံမြောက်စက်ရုံတည်ဆောက်ခဲ့ပါသည်

dark-slide-image

2017

၂၀၁၇ ခုနှစ်တွင် မြန်မာပြည်၌ စက်ရုံဆောက်လုပ်ပီး ထုတ်လုပ်မှုတိုးချဲ့ခဲ့ပါသည်

dark-slide-image

2020

၂၀၂၀ ခုနှစ်တွင် Steel အဆောက်အဦးလုပ်ငန်းများအတွက် ပိုမိုဝန်ဆောင်မှုပေးနိုင်​စေရန် Structural Steel ဌာနကို စတင်ဖွဲ့စည်းခဲ့ပါသည်

dark-slide-image

2022

၂၀၂၂ တွင် brand identity အသစ်ဖြင့် နိုင်ငံတကာဈေးကွက်သို့ လုပ်ငန်းတိုးချဲ့ခဲ့ပါသည်

ကျွန်ုပ်တို့၏မျှော်မှန်းချက်

ကျွန်ုပ်တို့သည် ပိုမိုကောင်းမွန်သော အင်ဂျင်နီယာနည်းပညာများမှတဆင့် လုပ်ငန်းရှင်များနှင့်လုပ်ငန်းများကို ကူညီမြှင့်တင်ပေးနေပါသည်။

ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်

ကျွန်ုပ်တို့သည် တီထွင်ဖန်တီးမှု၊ လုံခြုံမှုနှင့် ရေရှည်တည်တန့်ရေးလုပ်ဆောင်ချက်များမှတဆင့် Steelအဆောက်အဦးလုပ်ငန်းနယ်ပယ်တွင် စံပြအမှတ်အသားတစ်ခုဖြစ်လာစေရန် ရည်ရွယ်ပါသည်

ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများ

ထိရောက်သောဖြေရှင်းနည်းများ

  • စဉ်ဆက်မပျက် တီထွင်ဖန်တီးမှု ဒီဇိုင်းအသစ်များ၊ နည်းပညာ၊ ဝန်ဆောင်မှုများ၊ လုပ်ဆောင်ချက်များဖြင့် ဝယ်ယူသူများ၏ လိုအပ်ချက်အတိုင်း အံ့ဝင်ခွင်ကျ လုပ်ဆောင်ပေးနေပါသည်
  • ဝယ်ယူသူအားလုံးအတွက် အမြင့်ဆုံးသောစွမ်းဆောင်မှုနှင့်အကျိုးအမြတ်များ သေချာရရှိစေရန် လက်ရှိဖြေရှင်းနည်းများကို ဆထက်ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းနှင့် မွမ်းမံခြင်းများလုပ်ဆောင်နေပါသည်

တက်ကြွသောအဖွဲ့လိုက်လှုပ်ရှားမှုများ

  • ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်အဖွဲ့သားများက ဝယ်ယူသူများ၏တစ်ဦးချင်းကိုယ်ပိုင်အတွေ့အကြုံများအတွက် ကူညီမှုပေးနေပါသည်
  • ကောင်းမွန်သောစက်ကိရိယာများနှင့် အတွေ့ကြုံရှိကျွမ်းကျင်လုပ်သားအင်အားများသည် ဝယ်ယူသူများ၏အဆောက်အဦးနှင့်ပတ်သက်သော စိုးရိမ်မှုများကို ပြေလျော့ပေးစေပါသည်

ခိုင်မာယုံကြည်ရသောပူးပေါင်းဆောင်ရွက်မှုများ

  • ကျွန်ုပ်တို့သည် လုပ်ဆောင်ချက်အဆင့်တိုင်းအတွက် ဝယ်ယူသူများကို အကောင်းဆုံးပံ့ပိုးမှုပေးရာတွင် သက်တမ်းကုန်ဆုံးမရှိသော ရေရှည်ဝန်ဆောင်မှုကိုသာ ထိန်းသိမ်းထားပါသည်
  • ကျွန်ုပ်တို့ Pebsteel သည် ဝယ်ယူသူများ၊ ရှယ်ယာရှင်များနှင့် stakeholders များအတွက် ရည်ရွယ်၍ ပွင့်လင်းရိုးသားမှုကို အခြေခံသောဝန်ဆောင်မှုကိုသာထားပါသည်

ကျွန်ုပ်တို့ ဝန်ထမ်းများ

ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတိုင်းကိုမမှု့ဘဲ Pebsteel သည် အရှေ့တောင်အာရှနိုင်ငံများထက်ကျော်လွန်၍ အဆက်မပြတ်တိုးချဲ့လျက်ရှိပါသည်။ Sami Kteily နှင့် Adib Kouteili တို့၏ခေါင်းဆောင်မှုများအတွက်လည်း ကျေးဇူးတင်ပါသည်

မတူကွဲပြားမှုနှင့်တန်းတူညီမျှမှုကို အခိုင်အမာထောက်ခံပြီး စီးပွားဖက်ပါတနာများ၊ အလွှာပေါင်းစုံမှဝန်ထမ်းများနှင့် အတူလုပ်ဆောင်ရခြင်းအပေါ်တွင်လည်း ဂုဏ်ယူလျက်ရှိပါသည်

တည်ထောင်သူများ

SAMI Kteily

အမှုဆောင်ဥက္ကဌ

Sami Kteily သည် ၁၉၉၄ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ pre-engineered buildingsအတွက် အခွင့်အလမ်းများကိုရှာဖွေပြီး လုံးဝဥဿုံပြောင်းလဲပေးစေသော နည်းပညာများကို ပထမဆုံးယူဆောင်လာခဲ့ပါတယ်

ADIB Kouteili

ပူးတွဲတည်ထောင်သူနှင့်ဒါရိုက်တာ

အရောင်းပိုင်းနှင့်ဆောက်လုပ်ရေးနယ်ပယ်တွင် နှစ်ပေါင်း(၄၀) နီးပါးအတွေ့အကြုံရှိသော Adib Kouteili သည် ထိရောက်သောအဖွဲ့လိုက်လုပ်ဆောင်မှုများနှင့် မည်သည့်အရာမှမဖြစ်နိုင်ခြင်းမရှိကြောင်း ခိုင်မာသောယုံကြည်မှုဖြင့် ဝယ်ယူသူများ စိတ်ကျေနပ်မှုရရှိစေရန် လေးနက်စွာလုပ်ဆောင်ပါသည်

ဘုတ်အဖွဲ့ဝင်

အသင်းအဖွဲ့

တာဝန်ထမ်းဆောင်ရန် အသင့်ရှိနေပါသည်

ဗီယက်နမ်နိုင်ငံရှိစက်ရုံ (၆)ရုံ၊ မြန်မာနိုင်ငံရှိစက်ရုံ(၁)ရုံတို့မှ နှစ်စဉ် စတီးတန်ချိန်စုစုပေါင်း 100,000ကျော် ထုတ်လုပ်ပေနေးပြီး, Pebsteelသည် မည်သည့်စီမံကိန်းကိုမဆို ချက်ချင်းစတင်နိုင်ရန် စတီးတန်ချိန်15,000ကိုလည်း အဆင်သင့်ထားရှိပါသည်

စက်ရုံ (၁)

ပထမဆုံးစက်ရုံကို စက်ရုံတွင်းထုတ်လုပ်မှုမြန်ဆန်စေသော “I” ပုံသဏ္ဌာန်ဖြင့်ရေးဆွဲဆောက်လုပ်ခဲ့ပါသည်။ အမေရိကန်မှထုတ်လုပ်သော Lincoln အဆင့်မြင့် အလိုလျောက်ဂဟေစက်ကြီးများကို တပ်ဆင်ထားပြီးထုတ်လုပ်နေပါသည်။

စက်ရုံ (၂)

အဆောက်အဦး၏ အင်ဂျင်နီယာဆိုင်ရာအစိတ်ပိုင်းတိုင်းတွင် ဆန်းသစ်မှု နှင့် ပြည့်စုံမှုကိုပြသထားပါသည်။ အမြင့် ၁၇ ပေနှင့် အစောင်းဒီဂရီ 4:10 ကို Pebsteel ၏ castellated beams (အပေါက်ပါသော ယက်မများ) နှင့် open-web-joists စနစ်ကပံ့ပိုးပေးထားပါသည်။
ကျွန်ုပ်တို့၏အထူးထုတ်ကုန်ဖြစ်သော LokSeam® ( Screw မသုံး, အဆက်မပါ, Clipသုံး) အမိုးဖြင့်တပ်ဆင်ထားပါသည် – ရေယိုစိမ့်မှုကို ကာကွယ်ရန်အကောင်းဆုံးရွေးချယ်မှုဖြစ်ပါသည်။

စက်ရုံ (၃)

ဤစက်ရုံ (၃) ကို အကြိုအင်ဂျင်နီယာအဆောက်အဦး နှင့် အခြားကြီးမားသောအဆောက်အဦးများဖြစ်သည့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့အဆောက်အဦး၊ အထပ်မြင့်အဆောက်အအုံများနှင့် အခြာသံမဏိအဆောက်အဦးများ ထုတ်လုပ်ရန်အတွက်ဆောက်လုပ်ခဲ့ပါသည်။

စက်ရုံ (၄)

(၄) ခုမြောက်စက်ရုံကို jack beam (အခန်းများကြားထောက်တိုင်များကို ဖျောက်ရန်အသုံးပြုသောယက်မ) မပါဝင်သော အခန်းတိုင်နှစ်ခုကြားအကွာအဝေး ၁၅ မီတာအထိ ကျယ်ပြန့်ပြီးထူးခြားသောဒီဇိုင်းဖြင့် ဆောက်လုပ်ထားပါသည်။
Pebsteel သည် Silver180® ဟူသည့် coated steel တစ်မီတာပတ်လည်တွင် အလူမီနီယံနှင့်ဇင့် ၁၈၀ ဂရမ်သုတ်ထားသောစတီလ်း (AZ180 Gr/M2)ဖြင့်ပြုလုပ်ထားသော ကြီးမားသော မျှားတန်း Z300 (Z ပုံသဏ္ဌာန် ၃၀၀ mmအမြင့်) ကိုအသုံးပြုထားပါသည်။
ဤကုန်ပစ္စည်းသည် အလွန်ပြင်းထန်သော သံချေးတက်ခြင်းကို ခံနိုင်ရည်ရှိပါသည်။

စက်ရုံ(၅)

စက်ရုံ (၅) တွင်ကျွန်ုပ်တို့၏ အထူးတောင့်တင်းသော PebHybrid® (ဒိုင်းယက်မ)တို့ကို ပထမဆုံးအသုံးပြုသည့်စက်ရုံဖြစ်ပြီး ထုတ်လုပ်ချိန်နှင့်တပ်ဆင်ချိန်/ဆောက်လုပ်ချိန်ကို လျှော့ချပေးနိုင်ပါသည်။
အထူးထုတ်လုပ်ထားသည်အပူခံ PebInsul™ နှင့် လေဝင်လေထွက်စနစ်ကောင်းမွန်သောခိုအိမ်တို့သည် အဆောက်အဦး၏အတွင်းပိုင်းအေးမြစေခြင်းနှင့် ပို၍သက်သောင့်သက်သာရှိစေခြင်းရရှိနိုင်ဖို့ ကူညီပေးပါသည်။ PebWall® (အကာပြား) နှင့် PebLiner™ (အခန်းလိုင်နာအပြား) သည်စက်ရုံတစ်ခုလုံးကို ပိုမိုလှပစေပါသည်။

စက်ရုံ (၆)

ခက်ခဲပြီး ကြီးမားသောအဆောက်အဦးများထုတ်လုပ်နိုင်ရန် အတွက်အဆင့်မြင့်စက်ပစ္စည်းစနစ်များဖြင့်ရင်းနှီးမြှုပ်နှံထားသည့် (၆) ခုမြောက်စက်ရုံဖြစ်သည်။ အကြိုအင်ဂျင်နီယာအဆောက်အဦးနယ်ပယ်တွင် နောက်ဆုံးပေါ်ဆန်းသစ်သောနည်းပညာများဖြင့် လေဝင်လေထွက်ကောင်းမွန်သောခိုအိမ်များ၊ စွမ်းဆောင်ရည်မြင့်မားသော PebFoam™ အပူခံပြား၊ ဒိုင်း၊ ဆင့်တန်းများတွင် PebHybrid® စတီးလ်ပစ္စည်းများကိုအသုံးပြုထားပါသည်။

စက်ရုံ (၇)

မြန်မာနိုင်ငံ ရန်ကုန်မြို့ သီလဝါစက်ရုံတွင်တည်ရှိပြီး တစ်နှစ်ထုတ်လုပ်မှုတန်ချိန်ပေါင်း ၃၀,၀၀၀ အထိထုတ်လုပ်နိုင်ပါသည်။ စတုရန်းမီတာ ၃၀,၀၀၀ ကျယ်ဝန်းသောစက်ရုံနှင့် ခေတ်မှီဆန်းသစ်သောစက်ယန္တရားကြီးများသည် ကြီးမားသောအဆောက်အဦးများ၏ လိုအပ်ချက်ကိုအမြန်ဆုံးထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ပါသည်။ Pebsteel ၏နောက်ဆုံးပေါ်ထုတ်ကုန်များနှင့် နည်းပညာများဖြင့်လေဝင်လေထွက်ကောင်းမွန်သောခိုအိမ်များ၊ ဒိုင်း၊ ဆင့်တန်းများတွင် PebHybrid® စတီးလ်ပစ္စည်းများ၊ သဘာဝပတ်ဝန်းကျင်နှင့်သင့်လျော်သော သုတ်ဆေးတို့ဖြင့်ဆောက်လုပ်ထားပါသည်။

ဆက်သွယ်ရန် ပိတ်သိမ်းရန်

ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန်

logo-switcher

ပြည်တွင်း websites

ဗီယက်နမ်

ကမ္ဘောဒီးယား

အင်ဒိုနီးရှား

ဖီလစ်ပင်း

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website
logo

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website