Home / ဖြေရှင်းချက်များ / ထုတ်ကုန်များ / သံမဏိကိုယ်ထည်အစိတ်အပိုင်း / Sub-structural Framing System / အမိုးထိပ်မျက်နှာစာတွင် အလှဆင်ထားသောအရာ/စနစ်

အမိုးထိပ်မျက်နှာစာတွင် အလှဆင်ထားသောအရာ/စနစ်

Pre-engineered steel အဆောက်အဦးများတွင် မျက်နှာစာအလှဆင်စနစ်များကို ရိုးရှင်းသောအသွင်အပြင်မှ ကွဲပြားစေရန် နှင့် ပိုမိုဆွဲဆောင်မှုရှိစေရန် ထည့်သွင်းတည်ဆောက်လာကြပါသည်။

ထုတ်ကုန် အမြင်ပုံစံများ

မျက်နှာစာအလှဆင်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ နှစ်ဖက်ချအမိုးရှိ အချို့အစိတ်အပိုင်း တို့ကိုဖုံး အုပ်ရန်သာဖြစ်သော်လည်း မျက်နှာကျက်ပြားများ၊ အကွပ်များ၊ ရေတံလျှောက်များ၊ ရေဆင်းပိုက်များ၏ အရောင်စပ်ဟပ်မှုနှင့် အဆောက်အဦးကို ထူးခြားသောအသွင်သဏ္ဌာန်ဖြစ်စေပါသည်။

 

banner
features

Pebsteel ၏စံသတ်မှတ်ထားသော မျက်နှာစာအလှဆင်ခြင်း (၅) မျိုး :

  • ဒေါင်လိုက်မျက်နှာစာ အလှဆင်ခြင်း
  • အောက်အနားကွေး၍ မျက်နှာစာအလှဆင်ခြင်း
  • အပေါ်အောက်ကွေး၍ မျက်နှာစာအလှဆင်ခြင်း
  • အလယ်ကွေး၍ မျက်နှာစာအလှဆင်ခြင်း
  • နဖူးစည်းအပြည့် မျက်နှာစာအလှဆင်ခြင်း

ဒေါင်လိုက်မျက်နှာစာအလှဆင်ခြင်းသည် အသုံးအများဆုံးဖြစ်ပြီး ကုန်ကျစားရိတ်သင့်တော်သော အမျိုးအစားဖြစ်သည်။ ညီညာသောအနားသတ်များနှင့် ထည်ဝါသောအသွင်ဆောင်သည့်အတွက် ခံ့ညားလှပစေပါသည်။ ဤအမျိုးအစားတွင် မျက်နှာကျက်ပြားပါခြင်း၊ မပါခြင်း နှစ်မျိုးလုံးဖြစ်နိုင်ပါသည်။ မျက်နှာကျက်ပြားသည် သပ်ရပ်လှပစေသောကြောင့် အသုံးပြုရန် အကြံပေးပါသည်။

စံသတ်မှတ်ထားသော အလှဆင်စနစ်၏ အစွန်းထွက်သည် မီလီမီတာ၆၀၀ ဖြစ်သော်လည်း အများဆုံး မီလီမီတာ၁,၅၀၀ အထိ အသုံးပြုကြပါသည်။ အလှဆင်စနစ်၏ အမြင့်မှာ အဆောက်အဦး၏အမိုးစောင်းအပေါ်တွင် မူတည်ပြီး ကွာခြားနိုင်ပါသည်။

အမိုးရေတံလျှောက်သည် မျက်နှာစာအလှဆင်ခြင်းမှ တဆင့်ရေယိုစိမ့်မှု ကာကွယ်ရန်အတွက် ထည်ံ့ထားပြီး  မိုးရေနှင့်နေရောင်ခြည် အတွက်လည်းကာကွယ်ပေးပါသည်။

features
features

အကွေးမျက်နှာစာအလှဆင်ခြင်းများ (အောက်အနားကွေး မျက်နှာစာအလှဆင်ခြင်း၊ နှင့် အပေါ်အောက်ကွေး မျက်နှာစာအလှဆင်ခြင်း) သည် ၎င်းတို့၏လုံးဝန်းသောထောင့်ချိုးများ အနားသတ်များကြောင့် အဆောက်အဦး၏သွင်ပြင်ကို ပြေပြစ်လှပစေပါသည်။ 

နဖူးစည်းအပြည့်အလှဆင်မျက်နှာစာသည် အဆောက်အဦး၏ထပ်ဆင့်နံရံ အဖြစ်မြင်ရပြီး အမိုးခေါင်အမြင့်ပိုင်းကို ဖုံးကွယ်သွားစေကာ   အဆောက်အဦးကို ရေပြင်ညီအမိုး မိုးထားသကဲ့သို့ လေးထောင့်သဏ္ဌာန် မြင်ရစေပါသည်။

အဆောက်အဦးကို မည်သည့်ရည်ရွယ်ချက်အတွက် အသုံးပြုသည်ဖြစ်စေ

မျက်နှာစာအလှဆင်ခြင်းသည် အဆောက်အဦးသွင်ပြင် အလှအပနှင့်တန်ဖိုးကို တိုးမြင့်စေပါသည်။

features
ဆက်သွယ်ရန် ပိတ်သိမ်းရန်

ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန်

logo-switcher

ပြည်တွင်း websites

ဗီယက်နမ်

ကမ္ဘောဒီးယား

အင်ဒိုနီးရှား

ဖီလစ်ပင်း

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website
logo

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website