ဆန်းရှိတ်သည်  အမိုးငယ်စနစ်တစ်ခုဖြစ်ပြီး အဆောက်အဦး၏နံရံကို နေရောင်ခြည်တိုက်ရိုက်ကျခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ အဆောက်အဦးတွင်းမိုးရေမဝင်အောင်ပြုလုပ်ပေးနိုင်ခြင်း။၀◌င်ပေါက်ကိုအရိတ်ရစေရန်နှင့် ကားများရပ်နားနိုင်သည့် အမိုးအဖြစ်လည်း အမျိုးမျိုးလုပ်ဆောင်ပေးပါသည်။

ထုတ်ကုန် အမြင်ပုံစံများ

  • အဆောက်အဦးနံရံကို တိုက်ရိုက်နေရောင်ခြည်ကျခြင်း နှင့် မိုးရေပက်ခြင်းတို့မှ ကာကွယ်ပေးခြင်း
  • ယာယီကားအမိုးအဖြစ်ဆောင်ရွက်ပေးခြင်း
  • ဆန်းရှိတ်ကို မျက်နှာကျက်ပြားများ၊အနားကွတ်များဖြင့် ပြုလုပ်ထားသောကြောင့် ပိုမိုလှပသောအသွင်အပြင်ရရှိစေခြင်း
banner
features

ဆန်းရှိတ်သည် အဆောက်အဦးဘေးနံရံနှင့်တပြိုင်တည်းအပြည့်အရှည်ထုတ်ထားခြင်း (သို့) တစ်ချို့တစ်ဝက်အရှည်ထုတ်ထားခြင်းများလည်းရှိသည်။ ဆန်းရှိတ်တပ်ဆင်ရာတွင် အဆောက်အဦးနံရံရှိ တိုင်တစ်ဖက်မှစပီး အခြားတိုင်တစ်ဖက်တွင် အဆုံးသတ်ခြင်းသည် အကောင်းဆုံးအကြံဖြစ်ပါသည်။ စံသတ်မှတ်ထားသော ဆန်းရှိတ်အကျယ်မှာ မီလီမီတာ ၄၀၀၀ ဖြစ်သော်လည်း သုံးစွဲသူ၏ လိုအပ်ချက်ပေါ်မူတည်ပြီး ပိုမိုကျယ်ဝန်းသော ဆန်းရှိတ်ကို ပြုလုပ်နိုင်ပါသည်။

Pebsteel၏ပုံမှန်စံသတ်မှတ်ဆန်းရှိတ်တွင် ပါဝင်သောပစ္စည်းများမှာ အဓိကတိုင်(သို့မဟုတ်)နံရံအဆုံးတွင်ရှိသောတိုင်မှ အစွန်းထွက်နေသော  built-up tapered၊ hot-rolled (သို့)  Cold-formed ဖြင့်ပြုလုပ်ထားသော ဆန်းရှိတ်ဒိုင်းများဖြစ်ပါသည်။ ဒိုင်းများသည် ၂၀၀ မီလီမီတာအမြင့်ရှိသော မြားတန်းနှင့် အမိုးပြားကို ထောက်ပံ့နိုင်ပါသည်။ ဆန်းရှိတ်၏ အမိုးပြားသည် ပုံမှန်အားဖြင့် အဆောက်အဦး၏ အဓိကအမိုးအမျိုးစားနှင့် ဆင်တူရမည်။ အဓိကအဆောက်အဦးတွင် အသုံးပြုထားသော အကွပ်နှင့်ရေတံလျှောက်ပစ္စည်းအမျိုးအစားများအတိုင်း ဆန်းရှိတ်တွင်လည်း တူညီစွာအသုံးပြုထားပါသည်။

features
features

ဆန်းရှိတ်တစ်ခုတွင် မျက်နှာကျက်ပြားထည့်ခြင်း မထည့်ခြင်းလည်းရှိပါသည်။ မျက်နှာကျက်ပြားဆိုသည်မှာ ဆန်းရှိတ်၏မြားတန်းအောက်ကပ်လျက်တွင် ထည့်သောအပြားတစ်ခုဖြစ်ပါသည်။ ဆန်းရှိတ်ကို သပ်ရပ်လှပသော အသွင်သဏ္ဌာန်ဖြစ်လိုသည့်အခါ မျက်နှာကျက်ပြားကို အသုံးပြုနိုင်ပါသည်။

ဆက်သွယ်ရန် ပိတ်သိမ်းရန်

ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန်

logo-switcher

ပြည်တွင်း websites

ဗီယက်နမ်

ကမ္ဘောဒီးယား

အင်ဒိုနီးရှား

ဖီလစ်ပင်း

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website
logo

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website