AluPeb®အပြားသည် ပြောင်းလဲဆန်းသစ်မှုအရှိဆုံး၊ အလွန်ရည်ရှည်ခံခြင်းနှင့် သဘာဝပတ်ဝန်းကျင် သဟဇာတဖြစ်ဆုံးသော ပစ်စည်းဖြစ်ပြီး ထူးခြားသောအရောင်အသွေးနှင့် သဘာဝပတ်ဝန်းကျင်အခြေနေများကြောင့်ဖြစ်ပေါ်စေသောတိုက်စားမှုများကိုလည်း ခံနိုင်ရည်ရှိခြင်း တို့ကို ပေးစွမ်းနိုင်သော ပစ္စည်းမျိုးဖြစ်ပါသည်။

ထုတ်ကုန် အမြင်ပုံစံများ

  • ခဲသတ္ထုမပါသည့် သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သော ပစ်စည်းအမျိုးစားဖြစ်ခြင်း
  • အပူချိန်ကို ခံနိုင်မှုရှိခြင်းနှင့်နေမှကျသောအပူပြန်အားတို့ ကောင်းခြင်း
  • ထူးခြားသောအရောင်အသွေးနှင့်သဘာဝပတ်ဝန်းကျင်အခြေနေများကြောင့်ဖြစ်ပေါ်စေသောတိုက်စားမှုမျာ ကိုလည်း ခံနိုင်ရည်ရှိခြင်း
  • ရေရှည်ခိုင်ခံ့မှုမြင့်မားခြင်း
banner
features

နည်းပညာရပ်ဆိုင်ရာစံနှုန်းများ

AluPeb®စတီးလ်ပြားတွင် အလွှာ(၅)လွှာပါဝင်ပါသည်:

  • အပေါ်ယံအလွှာဆေး : မိုက်ခရွန်(၂၀) ရှိသော Super Polyesterဆေးသုတ်ထားပီး ဖုံမတက်စေရန်နှင့်အပူပြန်အားကောင်းသော စွမ်းဆောင်ချက်များကို ပေးနိုင်ပါသည်။ ရေရှည်ခံမှုနှင့်အရောင်လှပ ကြာရှည်ခံမှုကိုလည်း ပေးစွမ်းနိုင်ပါသည်။
  • အခံသုတ်ဆေး : မိုက်ခရွန်(၅) ရှိသော Epoxyဆေးသုတ်ထားပီး စတီးလ်ပြားကိုဖြတ်တောက်ခြင်း၊ပြင်ပတိုက်စားမှုများ ကို ကာကွယ်ရန် ရည်ရွယ်ပါသည်။
  • ဓါတုပေါင်းစပ်အလွှာ : ပြင်ပတိုက်စားမှုများကို ခံနိုင်စေရန်နှင့် ဆေးများစွဲမြဲစေရန် ရည်ရွယ်ပါသည်။
  • ဇင့်နှင့်အလူမီနီယံပေါင်စပ်အလွှာ : တစ်စတုရန်းမီတာပတ်လည်တွင် (ခဲသတ်ထုမပါ) အလူမီနီယံနှင့်ဇင့်(၁၅၀)ဂရမ်(အလူမီနီယံ ၅၅%၊ ဇင့် ၄၃.၄%၊ ဆီလီကွန် ၁.၆%) ကို အတွင်းအပြင် နှစ်ဖက်စလုံးတွင် သုတ်ထားခြင်းကြောင့် ပြင်ပတိုက်စားမှုများ ကို အထူးကာကွယ်နိုင်ပါသည်။
  • အခြေခံသတ္ထုအလွှာ(JIS G3322 CGLC440) စံနှုန်း သို့မဟုတ် ညီမျှသော
  • အပြင်အလွှာ/အတွင်းဆုံးအလွှာတွင် အပေါ်ယံအလွှာနည်းတူ ဆေး (၁၂)မိုက်ခရွန်ကို သုတ်ထားပါသည်။

ဇင့်နှင့်အလူမီနီယံ-ဇင့်တို့၏ ထူးခြားမှု

ဇင့်တွင် Cathodicတုံံ့ပြန်မှုဟုခေါ်သော ပင်ကိုယ်ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္ထုရှိပါသည်။ စတီးလ်ပြား၏ဘယ်နေရာတွင်မဆို ဖြတ်ပိုင်းလိုက်သည်နှင့် ဇင့်သည် ပတ်ဝန်းကျင်ရှိ ရေ၊လေ တို့နှင့် ဓါတ်ပြုပီး ဖြတ်စပေါ်များတွင် ZnO2အလွှာကို ဖြစ်ပေါ်လာပီး စတီးလ်၏အခြေခံအလွှာကို Oxidation(ပင်ကိုယ်ပြန်လည်ပြုပြင်ပေးစေနိုင်သည့်ဂုဏ်သတ္တိ)ဖြစ်စေနိုင်မှုမှ ကာကွယ်ပေးနိုင်ပါသည်။

features
features

ဇင့်-ပင်ကိုယ်ပြန်လည်ပြုပြင်ပေးနေသည့်အချိန်တွင် အလူမီနီယံသည် အကာအကွယ်ပေးသည့်ပုံစံကောင်းဖြစ်လာပါသည်။ ထို့ကြောင့် တစ်စတုရန်းမီတာပတ်လည်တွင်(၁၅၀)ဂရမ်သုတ်ထားသော ဇင့်နှင့်အလူမီနီယံပစ္စည်းနှစ်ခုပေါင်းစပ်ခြင်းသည် စတီးလ်ပြားများအတွက် ပြင်ပတိုက်စားမှုများကို ကာကွယ်ပေးနိုင်သည့် အကောင်းဆုံးနှင့်အသင့်တော်ဆုံးသောပစ္စည်းပင်ဖြစ်ပါသည်။

ဆက်သွယ်ရန် ပိတ်သိမ်းရန်

ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန်

logo-switcher

ပြည်တွင်း websites

ဗီယက်နမ်

ကမ္ဘောဒီးယား

အင်ဒိုနီးရှား

ဖီလစ်ပင်း

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website
logo

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website