Hyper180® သည် တစ်စတုရန်းမီတာပတ်လည်တွင် အလူမီနီယံနှင့်ဇင့်(၁၈၀)ဂရမ်နှင့်PVDFဆေး သုတ်ထားသောကြောင့် အလွန်ထူးခြားကောင်းမွန်ပါသည်။ အလူမီနီယံနှင့်ဇင့်(၁၈၀)ဂရမ်သုတ်ထားခြင်းသည် (ဆား၊ အက်စစ်ကြောင့်ဖြစ်စေသောအယ်ကာလီ၊ဓါတ်‌မြေဩဇာ၊ ဓာတုပစ္စည်း စသော)ဘာဝပစ္စည်းများကြောင့်ဖြစ်လေ့ရှိသော တိုက်စားမှုများကို ကာကွယ်ရာတွင် အကောင်းဆုံးသော သုတ်ဆေးဖြစ်သည့်အပြင် PVDFသုတ်ဆေးကြောင့်လည်း တောက်ပြောင်ပီး အရောင်သွေးကြာရှည်ခံစေပါသည်။

ထုတ်ကုန် အမြင်ပုံစံများ

  • ရေရှည်ခိုင်ခံ့မှုမြင့်မားခြင်း၊ ပြင်ပပတ်ဝန်းကျင်ကြောင့်ပျက်စီးမှုကို ခံနိုင်ရည်ရှိခြင်း။
  • တောက်ပြောင်ပီး အရောင်သွေးကြာရှည်ခံခြင်း။
  • ခဲသတ္ထုပါဝင်မှုမရှိသော ပစ္စည်းဖြစ်ပီး သဘာဝပတ်ဝန်းကျင်အခြေနေများကြောင့်ဖြစ်ပေါ်စေသောတိုက်စားမှုများကိုလည် အချိန်ကြာမြင့်စွာ ခံနိုင်ရေရှိခြင်း။
banner
features

Hyper180® စတီးလ်ပြားတွင်း အလွှာ(၅)လွှာပါဝင်ပါသည်:

အပေါ်ယံအလွှာဆေး : မိုက်ခရွန်(၂၀) ရှိသော PVDFဆေးသုတ်ထားပီး ရေရှည်ခံမှုနှင့်အရောင်လှပ ကြာရှည်ခံမှုကို ပေးစွမ်းနိုင်ပါသည်။ အရောင်တောက်ပမှုနှင့်အရောင်လှပမှုကို နှစ်(၃၀)အထိ ထိန်းသိမ်းထားနိုင်ပါသည်။ ယခုသုတ်ဆေးသည် ရေ၊အစိုပြန်ခြင်း၊ အပူချိန်၊ ခရမ်းလွင်ရောင်ခြည်၊ အောက်ဆီဂျင်၊ပတ်ဝန်းကျင်ညစ်ညမ်းမှုစသော ပြင်ပပတ်ဝန်းကျင်မှသက်ရောက်မှုများကိုလည်း ခံနိုင်ရည်ရှိပါသည်။

–  အခံသုတ်ဆေး : မိုက်ခရွန်(၅) ရှိသော Epoxyဆေးသုတ်ထားပီး စတီးလ်ပြားကိုဖြတ်တောက်ခြင်း၊ပြင်ပတိုက်စားမှုများ ကို ကာကွယ်ရန် ရည်ရွယ်ပါသည်။

 –ဓါတုပေါင်းစပ်အလွှာ : ပြင်ပတိုက်စားမှုများကို ခံနိုင်စေရန်နှင့် ဆေးများစွဲမြဲစေရန် ရည်ရွယ်ပါသည်။

– ဇင့်နှင့်အလူမီနီယံပေါင်စပ်အလွှာ : တစ်စတုရန်းမီတာပတ်လည်တွင် အလူမီနီယံနှင့်ဇင့်(၁၈၀)ဂရမ်ကို အတွင်းအပြင် နှစ်ဖက်စလုံးတွင် သုတ်ထားခြင်းကြောင့် ပြင်ပတိုက်စားမှုများ ကို ကာကွယ်နိုင်ပါသည်။

– အခြေခံသတ္ထုအလွှာ

Hyper180®  သည် ပြင်ပနံရံနှင့်အမိုးအရောင်လုံးဝမပြောင်းလဲစေနိုင်သော လေဆိပ်များ၊ဈေးဝယ်စင်တာများ၊ ရုံးအဆောက်အဦးများ စသည်တို့တွင် အသုံးပြုရန် သင့်တော်ပါသည်။

features
ဆက်သွယ်ရန် ပိတ်သိမ်းရန်

ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန်

logo-switcher

ပြည်တွင်း websites

ဗီယက်နမ်

ကမ္ဘောဒီးယား

အင်ဒိုနီးရှား

ဖီလစ်ပင်း

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website
logo

နိုင်ငံတကာ website

Pebsteel အကြောင်းပိုမို့လေ့လာနိုင်ရန် ကျွန်ုပ်တို့အဖြေများနှင့် ကမ္ဘာတစ်ဝှမ်းမှစီမံကိန်းများ

နိုင်ငံတကာ website