အိမ် / ဖြေရှင်းချက်များ / စနစ်များ /
Pre-Engineered Buildings
PEB စနစ်ဖြင့် စက်ရုံ၊ ဂိုဒေါင်၊ လေယာဉ်ရုံ အစရှိသည်တို့တွင် အသုံးပြုများပြီး ဒီဇိုင်းပုံစံရေးဆွဲရာတွင် အလွယ်တကူ ပြုပြင်ပြောင်းလဲရေးဆွဲနိုင်အောင် လုပ်ဆောင်ပေးပြီး ထိုအတွက်ကြောင့် ကျွန်ုပ်တို့သည် အဆောက်အဦး၏ အသုံးဝင်မှုများအတွက် ကောင်းမွန်အောင်အစွမ်းကုန်လုပ်ဆောင်စေပြီး သုံးစွဲသူများအတွက်ကောင်းမွန်သော သုံးစွဲမှုအတွေ့အကြုံလည်းရရှိစေပါသည်။
ထုတ်ကုန် အမြင်ပုံစံများ
- သင့်တင့်သောကုန်ကျစရိတ
- အရည်သွေးမြင့်ကုန်ပစ္စည်း
- မြန်ဆန်ပြီး ထိရောက်မှုရှိသော လုပ်ဆောင်ချက်များ
- ဘက်စုံအသုံးပြုနိုင်ခြင်းနှင့် ဗိသုကာဆိုင်ရာတွင်လည်းလိုက်လျောညီထွေမှုရှိခြင်း
- ပြုပြင်စရိတ်နှင့်လုပ်ငန်းလည်ပတ်စရိတ်သက်သာခြင်း
Pre-engineered building စနစ်တွင် အောက်ဖော်ပြပါ ထူးခြားသည့် အမျိုးအစား ၃ ခုဖြင့်ခွဲခြားထားပါသည်။:
- အဆောက်အဦး၏အဓိက ဖွဲ့စည်းပုံ(တိုင်နှင့်တန်း) တို့ကို Built-up “I” ပုံသဏ္ဌာန် အစိတ်အပိုင်း တို့ဖြင့်အသုံးပြုထားခြင်း
- ဒုတိယအရေးကြီးသော ဖွဲ့စည်းပုံ (အမိုးမျှားတန်း၊ နံရံကြွက်လျှောက်တန်း နှင့် တံစက်မြိတ်ဒေါက်) တို့ကို Cold-formed “Z” and “C” ပုံသဏ္ဌာန် အစိတ်အပိုင်း တို့ဖြင့်အသုံးပြုထားခြင်း
- အမိုးအကာအဖြစ် အသုံးပြုသောပစ္စည်းအမျိုးအစားဖြစ်သည့် သွပ်ပြားလိပ်များကို လိုချင်သည့်ပုံစံရအောင် စက်ဖြင့်ကြိတ်ခြင်း
ပင်မအဆောက်အဦး၏ အသုံးပြုမှုပေါ်မူတည်၍ Pre-engineered buildings စနစ်တွင် ထပ်မံထည့်သွင်းနိုင်သော အဆောက်အဦးအစိတ်အပိုင်းများနှင့်ဆက်စပ်ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့်ရွေးချယ်ပေါင်းစပ်နိုင်ပါသည်:
- Functional sub-systems တွင်ထပ်ခိုးအလွှာများ (ဆက်ကြောင်းများ နှင့် အခင်းပြားများ), ကရိန်းပြေးလမ်းထုတ်တန်းများ (ကရိန်းစနစ်ကို ထောက်ပံ့ပေးရန်), အမိုးပလက်ဖောင်း, ကြောင်လျှောက်, အစရှိသည့် စနစ်များ ပါဝင်ပါသည်
- ဗိသုကာဆိုင်ရာ အသွင်အပြင်နှင့် ဆက်စပ်ပစ္စည်းများတွင် မျက်နှာစာအလှဆင်စနစ်များ, နဖူးစည်းများ, နေကာအမိုး, ထပ်တိုးအမိုးစွန်း, အကွပ်အမျိုးမျိုး၊ ရေတံလျှောက်, ရေဆင်းပိုက်, သွပ်ရည်စိမ် ထောင့်ဖြတ်ကြိုးများ, ခိုအိမ် အစရှိသည်တို့ ပါဝင်ပါသည်။
Pre-engineered steel buildings သည် သမားရိုးကျအဆောက်အဦးများထက် ကုန်ကျစရိတ်ပိုသက်သာခြင်းနှင့် ဆောက်လုပ်ချိန်မြန်ဆန်ခြင်း စသည့်ကောင်းမွန်သောလုပ်ဆောင်ချက်များကြောင့် သုံးစွဲသူများကြိုက်နှစ်သက်လာကြပါသည်။